ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) သတ္တမအကြိမ်မြောက်ဝါဆိုသင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ၂၇ရက်နေ့တွင် တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို နာယူခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။