နှစ်(၇၀) မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲ ကျင်းပ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် ကျင်းပသော နှစ်(၇၀) မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင် ကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။ ၎င်းသွေးလှူဒါန်းပွဲတွင် သွေးအိတ်ပေါင်း ၁၃၀ ကျော် လှူဒါန်းနိုင်ခဲ့ပြီး တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ကူညီပေးခဲ့ကြပါသည်။