ဒုတိယအကြိမ်မြောက် ကထိန်အောင်ပွဲ အခမ်းနားကျင်းပ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၏ ဒုတိယအကြိမ်မြောက် ကထိန်အောင်ပွဲအခမ်းအနားကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၁၉-၁-၂၀၁၈ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ အောက်စခန်းရှိ သဒ္ဓမ္မပဇ္ဇောတာရုံ ကျောင်းတိုက် (မုံရွာ-တိုက်ခွဲ)တွင် ကျင်းပခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။