ပညာပါရမီဆရာတော် ရှင်ဉာဏဝရမှ မင်္ဂလာတရားတော် အထူး(၂)ရက်သင်တန်းကို နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် ဟောကြားပို့ချ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မိသားစုမှ ကြီးမှူးကျင်းပသော မင်္ဂလာတရားတော် အထူး(၂)ရက်သင်တန်းတွင် ပညာပါရမီဆရာတော် ရှင်ဉာဏဝရမှ သိမှတ်လိုက်နာဖွယ် မင်္ဂလာတရားတော်များကို ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ဟောကြားပို့ချပေးခဲ့ပါသည်။