MCPA Quiz တက္ကသိုလ်အဆင့် ပြိုင်ပွဲကျင်းပြုလုပ်

မန္တလေးတိုင်းကွန်ပျူတာပညာရှင်အသင်းနှင့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တို့မှ ကြီးမှူး၍ တက္ကသိုလ်အဆင့် MCPA Quiz ပြိုင်ပွဲကို သြဂုတ်လ ၄ရက်နေ့က ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်အများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တက္ကသိုလ်ကိုယ်စားပြု အသင်း(၃)သင်းကို တိုင်းအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ပါသည်။