World Blood Donor Day(14-6-2018) တွင် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) တက္ကသိုလ်ကြက်ခြေနီတပ်ရင်းမှ ဦးစီး၍ သွေးလှူဒါန်းပွဲကျင်းပ

၁၄-၆-၂၀၁၈ ရက်နေ့တွင်ကျရောက်သော World Blood Donor Day တွင် ပြင်ဦးလွင် ပြည်သူ့ဆေးရုံ သွေးလှူဘဏ်ဌာနနှင့် တက္ကသိုလ် ကြက်ခြေနီ တပ်ရင်းတို့ ပူးပေါင်း၍ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူ သွေးအလှူရှင်များ စုစုပေါင်း ၁၂၂ ယောက် ကုသိုလ်ပြုလှူဒါန်းခဲ့ကြပါသည်။

၄င်းသွေးလှူဒါန်းပွဲတွင် ပြင်ဦးလွင် ပြည်သူ့ဆေးရုံသွေးလှူဘဏ်ဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် တက္ကသိုလ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။