နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ကြက်ခြေနီတက္ကသိုလ်တပ်ခွဲမှ ဦးစီး၍ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်မည်

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တက္ကသိုလ်ကြက်ခြေနီတပ်ခွဲကို ၂၀၁၄ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ခွဲ၏ သက်တမ်း ၄နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်း အခြေခံရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး မျိုးဆက်သစ်များ မွေးဖွားခဲ့သည်မှာလည်း ၄နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။

ယခုနှစ်တွင်လည်း ၅ကြိမ်မြောက် ဖွင့်လှစ်မည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းအား တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) နှင့်ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ အောက်ပါအတိုင်း ထပ်မံဖွင့်လှစ်မည်ဖြစ်ပါသည်။

  • သင်တန်းအမည် -
    အမှတ်စဉ် (၈/၂၀၁၈) အခြေခံရှေးဦးပြုစုခြင်း သင်တန်း
  • သင်တန်းစတင်မည့်နေ့ -
    ၂၀.၆.၂၀၁၈ (ဗုဒ္ဓဟူးနေ့)
  • သင်တန်းပြီးဆုံးမည့်နေ့ -
    ၂၄.၆.၂၀၁၈ (တနင်္ဂနွေနေ့)
  • သင်တန်းဖွင့်လှစ်မည့်နေရာ -
    UTYCC (L.B 3 and L.B 4)

ကျောင်းအိပ်၊ ကျောင်းစား သဘောမျိုးဖြင့် ၅ရက်တာ ညအိပ် စခန်းသွင်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပါသည်။

  • သင်ကြားရမည့် ဘာသာရပ်များ
    - ရှေးဦးပြုစုခြင်းအခြေခံဘာသာရပ်များ
    - အခြေခံ လက်နက်မဲ့ စစ်ရေးပြဘာသာရပ်
    - ဘေးအန္တရာယ်လေ့လာဆန်းစစ်ရေးနှင့် တုံ့ပြန်ရေး ဘာသာရပ်
    - စခန်းချဘာသာရပ်

သင်တန်းတက်ရောက်ရန်အတွက် သင်တန်းကြေးနဲ့ စားစရိတ်မှာ အခမဲ့ဖြစ်ပြီး မိခင်တက္ကသိုလ်မှထောက်ပံ့ပေးထားခြင်းဖြစ်ပါသည်။

သင်တန်းတက်ရောက်မည့်သူများ အနေဖြင့် ယူနီဖောင်းကြေး ၁၅၀၀၀ ကိုသာပေးသွင်းရမည်ဖြစ်ပါသည်။

  • အခြေခံရှေးဦးပြုစုခြင်းသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများသည်
    - ချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာနိုင်သူဖြစ်ရမည်။
    - သင်တန်းဆင်းပြီးပါက တက္ကသိုလ်ကြက်ခြေနီ အသင်းခွဲ၏ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်နိုင်သူများဖြစ်ရမည်။
    - ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်။
    - စိတ်ဓာတ်၊ စည်းကမ်း နှင့် အကျင့်စာရိတ္တကောင်းမွန်ရမည်။
    - အများအကျိုး နှင့် ပရဟိတအကျိုးများ ဆောင်ရွက်ရန် စိတ်အားထက်သန်သူများဖြစ်ရမည်။
    - နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူများဖြစ်ရမည်။

စိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများ အနေဖြင့် 

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ကြက်ခြေနီတပ်ဖွဲ့မှူး ကိုဇေယျာပိုင်စိုး

ဖုန်း - 09773621770

သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သင်တန်းသား/သင်တန်းသူ အရေအတွက် အကန့်အသတ်ထားရှိပါသည်။ တနင်္လာနေ့တွင် တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ် ကြက်ခြေနီရုံးခန်းတွင် မနက် ၁၀နာရီမှ စတင်၍ စာရင်းပေးသွင်းနိုင်ပါသည်။