၂၀၁၈ ခုနှစ် (၄၅)ကြိမ်မြောက် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဥ်တွင် အဖွဲ့ဝင်(Participating Youth) အဖြစ်လိုက်ပါရန် စာရင်းပေးနိုင်

၂၀၁၈ ခုနှစ် (၄၅)ကြိမ်မြောက် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဥ် (The 45th Ship for Southeast Asian and Japanese Youth Programme - SSEAYP) ကို ဂျပန်နိုင်ငံ Cabinet Office ၏ အစီအစဥ်ဖြင့် ၂၃-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၂-၂၀၁၈ ရက်နေ့အထိ အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစဥ် ထွက်ခွါမည်ဖြစ်ပါသည်။

အဆိုပါခရီးစဥ်တွင် အဖွဲ့ဝင်(Participating Youth) အဖြစ်လိုက်ပါနိုင်ရန်အတွက် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် ဝင်ရောက်စာရင်းပေး လျှောက်ထားနိုင်ပါသည်။

- အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ပညာရေးကောလိပ်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ   ဆရာ၊ ဆရာမ (သို့မဟုတ်) ဝန်ထမ်း (သို့မဟုတ်) ကျောင်းသား၊ ကျောင်းသူများဖြစ်ရမည်။


-၂၀၁၈ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်း ရှိသူဖြစ်ရမည်။ (၂-၄-၁၉၈၈ မှ ၁-၄-၂၀၀၀ အတွင်းမွေးဖွားသူ) (အသက်တစ်ရက်ကွာခြားလျှင် လျှောက်ထားရန်မလိုပါ)

- ခရီးစဥ်အစအဆုံး ပါဝင်လုပ်ဆောင်နိုင်သူ


- ခရီးစဥ်မတိုင်မီ ရန်ကုန်တက္ကသိုလ်တွင် ပထမအကြိမ်စခန်းသွင်းကာလ (၂၀-၇-၂၀၁၈ မှ ၁၇-၈-၂၀၁၈ထိ)၊ ဒုတိယအကြိမ်စခန်းသွင်းကာလ (၁-၁၀-၂၀၁၈ မှ ၂၁-၁၀-၂၀၁၈ ထိ) တွင် လိုက်ပါဆောင်ရွက်လေ့ကျင့်နိုင်သူ (မည်သည့်အကြောင်းပြချက်နှင့်မျှ ပျက်ကွက်ခွင့်မရှိစေရန်)


- အင်္ဂလိပ်စာ 4 Skills ထက်မြက်ကျွမ်းကျင်သူ၊ English Proficiency မြင့်သူ


- ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်သူ (ရက်ရှည်ဆေးကုသခံထားရသူများ အဆိုမပြုရန်)


- ကိုယ်ဝန်မရှိသူ


- လုပ်ငန်းများကို လိုက်လျောညီထွေလုပ်ဆောင်နိုင်သူ


- အများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သူ


- တိုင်းပြည်ကို ကိုယ်စားပြုပါဝင်နိုင်စွမ်းရှိသူ၊ တိုင်းပြည်ဂုဏ်ကို မြှင့်တင်နိုင်မည့်သူ

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ရွေးချယ်ထားသူများသည် အောက်ပါအစီအစဥ်အတိုင်း ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုယှဥ်ပြိုင်ရမည်ဖြစ်သည်။

ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက် - ၃၀-၆-၂၀၁၈ ရက်နေ့ (စနေနေ့)

ရေးဖြေစာမေးပွဲကျင်းပမည့်အချိန် - ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီ အထိ

အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု (English Proficiency Test)

၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီ အထိ (အထွေထွေဗဟုသုတ)

ရေးဖြေစာမေးပွဲကျင်းပမည့်နေရာ - ရန်ကုန်တက္ကသိုလ်

ရေးဖြေအောင်မြင်သူများစာရင်းကို ၄-၇-၂၀၁၈ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ကြေညာမည်ဖြစ်ပြီး အောင်မြင်သူများသည် အောက်ပါအစီ အစဥ်အတိုင်း လူတွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။


 နေ့ရက် - ၆-၇-၂၀၁၈ ရက်နေ့နှင့် ၇-၇၂၀၁၈ ရက်နေ့


 အချိန် - ၀၉း၀၀ နာရီ


 နေရာ - အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ အစည်းအဝေးခန်းမ

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ရွေးချယ်ထားသူများ၏ အချက်အလက်၊ စာရွက်စာတမ်းများကို အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)သို့ ၂၈-၆-၂၀၁၈ ရက်နေ့ ညနေ (၄း၀၀) နာရီအရောက် ပေးပို့ရန်ဖြစ်ပါသည် -

- ဓာတ်ပုံကပ်ပြီး (၃၆)ချက် ကိုယ်ရေးမှတ်တမ်း(၄)စုံ


- လျှောက်ထားသူနှင့် ၄င်း၏မိဘနှစ်ဦးစလုံးအပြင် ဇနီး/ခင်ပွန်းအားလုံး နိုင်ငံသားဖြစ်ကြောင်း ကိုယ်တိုင် တာဝန်ခံချက်နှင့် ပါမောက္ခ/ ဌာနမှူးနှင့် ပါမောက္ခချုပ်တို့၏ ထပ်ဆင့်တာဝန်ခံချက် (၄)စုံစီ၊


- ဆရာ၊ ဆရာမဝန်ထမ်းဖြစ်လျှင် အရှေ့တောင်အာရှ သင်္ဘောခရီးစဥ်ပြီးဆုံးသည်နှင့် ချက်ချင်းမြန်မာနိုင်ငံသို့ပြန်လာပြီး မူလတာဝန်ဝတ္တရားများကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း ကာယကံရှင်၊ သက်ဆိုင်ရာပါမောက္ခ/ဌာနမှူးနှင့် ပါမောက္ခချုပ်တို့၏ တာဝန်ခံချက်(၄)စုံစီ (သို့မဟုတ်) ကျောင်းသား၊ ကျောင်းသူဖြစ်လျှင် လေ့လာရေးကာလပြီးဆုံးပါက ချက်ချင်းမြန်မာနိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်း ကာယကံရှင်မိဘ၊ သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခချုပ်တို့၏ တာဝန်ခံချက်(၄)စုံစီ


- ဇနီး/ခင်ပွန်းသည် ကိစ္စတစ်ရပ်ရပ်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေခြင်းမရှိကြောင်း သက်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးနှင့် ပါမောက္ခချုပ်တို့၏ တာဝန်ခံချက်(၄)စုံစီ

အထက်ပါ ၂၀၁၈ ခုနှစ် (၄၅)ကြိမ်မြောက် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဥ်တွင် အဖွဲ့ဝင်(Participating Youth) အဖြစ်လိုက်ပါရန် စိတ်ပါဝင်စားသူများသည် -

- ကျောင်းသားရေးရာဌာနသို့ (၂၂-၆-၂၀၁၈) ရက်နေ့ နံနက်(၁၁း၃၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြရန်

- (၂၂-၆-၂၀၁၈) ရက်နေ့တွင် English Test လာရောက်ဖြေဆိုယှဥ်ပြိုင်ကြရန်

ဖြစ်ပါသည်။