Mandalay Regional Debate Tournament (Myanmar Track) တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရန် အနာဂတ်လူငယ်များ အဖွဲ့အစည်း ( Future Youth Association) မှ ဖိတ်ခေါ်

အနာဂတ်လူငယ်များ အဖွဲ့အစည်း ( Future Youth Association) သည်
နည်းပညာတက္ကသိုလ်(မန္တလေး) မှ ဖွဲ့စည်းထားသော အသင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စ၍
ကျောင်း၏ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ/ နည်းပညာဆိုင်ရာ
ပွဲများကို နှစ်စဉ်မပျက် ဆောင်ရွက်လျက် ရှိပါသည်။

ယခုနှစ်တွင်လည်း အနာဂတ်လူငယ်များ အဖွဲ့အစည်း မှ ကြီးမှူးကျင်းပသော “Mandalay
Regional Debate Tournament (Myanmar Track)” ကို ဇူလိုင်လ ၂၈၊၂၉ နှင့် ၃၀
ရက်နေ့များတွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း Debate ကို စိတ်ပါဝင်စား သူတိုင်း အတွက် ရည်ရွယ်၍
အသက် ၁၆ နှစ်မှ ၂၂နှစ် အတွင်းရှိ လူငယ်များ အားလုံး ဝင်ရောက်
ယှဉ်ပြိုင်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ တက္ကသိုလ် သို့မဟုတ် ကျောင်းမှ
စိတ်ပါဝင်စားသော ကျောင်းသား/သူ များ အနေဖြင့် “Mandalay Regional Debate
Tournament (Myanmar Track)” ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန်အတွက် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို Future Youth Association ၏ Facebook Page “ Future
Youth Association” တွင် ဝင်ရောက် ကြည့်ရှူ နိုင်ပါသည်။

ပြိုင်ပွဲ စည်းကမ်းချက်များ အပြင် Online Application Form Link ကိုပါ တပါတည်း
ပူးတွဲ ပေးပို့အပ်ပါသည်။


စုံစမ်းမေးမြန်းလိုပါက
သော်မျိုးလွင်- ၀၉၂၅၆၁၂၀၅၈၅
ခင်ရတနာထွန်း- ၀၉၂၅၆၁၇၉၂၆၆
သဲစုနွယ်- ၀၉၇၈၀၆၅၈၈၂၅

Online Application form ဖြည့်ရန် link -

https://docs.google.com/forms/d/e/1FAIpQLScrt2PIf2lcSWYAHc8gSDwTNnFAYlkzih8_ocii7MDKLs-fRg/viewform?usp=sf_link

ပြိုင်ပွဲဝင်စည်းကမ်းချက်များ -

rules.pdf