နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီး မိုးရာသီမေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ကျင်းပခြင်း နှင့် ဆုချီးမြင့်ခြင်း

၂၀၁၇-၂၀၁၈ ပညာသင်နှစ် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီး မိုးရာသီ မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၅.၆.၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားသမားများမှ အားကစားအဓိဌာန်ဆိုကာ ဖွင့်လှစ်ခဲ့ပါတယ်။
ဆုချီးမြင့်ခြင်း အခမ်းအနားကို (၁၆.၇.၂၀၁၈)နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Uni Dance Club မှ Dancer များမှ ဖျော်ဖြေရေးကဏ္ဍမှ ပါဝင်အားဖြည့်ခဲ့ကြပါသည်။ ထို့နောက် ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆရာ၊ ဆရာမများနှင့် ပါချုပ်တို့မှ ဆုများ ချီးမြင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။