UTYCC Students' Project Show 2017

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) 2016-2017 ပညာသင်နှစ် Students' Project Showကို တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်မှာ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ နည်းပညာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တပ်မတော်စစ်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ အရာရှိကြီးများ၊ စိတ်ပါဝင်စားသူဧည့်သည်များက လာရောက်လေ့လာ ကြည့်ရှုအားပေးခဲ့ကြပါသည်။