အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) 2016-2017 ပညာသင်နှစ်အတွက် အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက ဆရာ၊ ဆရာမများကို ကန်တော့ပစ္စည်းများဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး ဆရာ၊ ဆရာမများ၏ ဆံုးမသြဝါဒကို ခံယူခဲ့ကြကာ ဆရာ၊ ဆရာမများထံမှ အမှတ်တရလက်ဆောင်မွန်များကို လက်ခံရရှိခဲ့ကြပါသည်။ 2015-2016 ပညာသင်နှစ်တွင် ထူးချွန်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် Students' Project Show တွင် အကောင်းဆုံးဆုရ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပါသည်။