ကျောင်းသား/ကျောင်းသူများထံမှ ဆန္ဒမဲ ခံယူခြင်း

ကျောင်းသား/ကျောင်းသူများထံမှ ဆန္ဒမဲ ခံယူခြင်း
================================

နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ၏ ဖွဲ့စည်းပုံစည်းမျဉ်းအား ကျောင်းသား/ ကျောင်းသူများထံမှ ဆန္ဒမဲ ခံယူခြင်း အစီအစဉ်ကို ၁၆.၈.၂၀၁၈မှ ပြုလုပ်သွားမှာဖြစ်ပါသည်။

ဆန္ဒမဲ ခံယူခြင်းကို မနက်ပိုင်း ၉း၀၀နာရီမှ စတင်၍ အတန်းများအား တစ်တန်းချင်းစီ သမဂ္ဂအဖွဲ့ဝင်များမှ ပထမဦးစွာ ဖွဲ့စည်းပုံစည်းမျဉ်း ရှင်းလင်း တင်ပြခြင်းပြုလုပ်မှာဖြစ်ပါသည်။
ထို့နောက်မှာတော့ ဆန္ဒမဲလက်မှတ်များ ဖြန့်ဝေမှာဖြစ်ပြီး တစ်ပါးတည်း မဲပေး ဆန္ဒပြုရမှာဖြစ်ပါသည်။

ပထမနှစ်မှ ပဉ္စမနှစ်ထိ ကျောင်းသား/ ကျောင်းသူများအတွက် အတန်းတွင်း ဆန္ဒမဲ ခံယူခြင်း ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးနှစ်နှင့် မဟာတန်းကျောင်းသား/ ကျောင်းသူများမှာ ပင်မဆောင် ဘွဲနှင်း သဘင်ခန်းမ၌ နေ့လည် ၁၂း၀၀မှ စတင်၍ ညနေ ၄း၀၀နာရီထိ ဆန္ဒပြု မဲပေးနိုင်မှာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) ကျောင်းသား/ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်၏ အနာဂတ်အတွက် လုပ်ကိုင်ဆောင်ရွက်သွားမည့် သမဂ္ဂ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သမဂ္ဂ၏ ဖွဲ့စည်းပုံ စည်းမျဉ်းအား ဆန္ဒပြုမဲပေးကြပါရန် အထူးအလေးထား တိုက်တွန်းနှိုးဆော်အပ်ပါသည်။

နည်းပညာ တက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး )
ကျောင်းသားများ သမဂ္ဂ
( ဖြစ်မြောက်ရေး ကော်မတီ)