နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ၏ တီထွင်မှုစွမ်းရည်ပြပွဲနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနား

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှ အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများ၏ တီထွင်မှုစွမ်းရည်ပြပွဲနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနားကို ၃၁-၈-၂၀၁၈ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားကို မန္တလေးတိုင်းကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ တပ်မတော်နည်းပညာတက္ကိသိုလ်မှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ကျောင်းသားကျောင်းသူများ၊ ပြင်ဦးလွင် အစိုးရစက်မှုလက်မှုသိပ္ပံမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ အခြားနည်းပညာဆိုင်ရာနယ်ပယ်မှ ဧည့်သည်တော်များ လာရောက် လေ့လာကြည့်ရှုအားပေးခဲ့ကြပါသည်။


၎င်းပြပွဲအခမ်းအနားတွင် ကျောင်းသားကျောင်းသူတို့၏ project ပေါင်း ၁၀၀ ကျောင်နှင့် Company ပေါင်း ၁၀ ခုကျော်တို့မှ အလုပ်အကိုင်အခွင့်အလမ်းများ ပါဝင်ပြသခဲ့ကြပါသည်။