ကျောင်းသားများ သမဂ္ဂ ကတိသစ္စာခံယူပွဲကျင်းပခြင်း

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) ကျောင်းသားများသမဂ္ဂ၏ ပထမအကြိမ် ဗဟို အလုပ်မှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် ရည်ရွယ်ချက်များ ရှင်းလင်း တင်ပြခြင်းကို ယနေ့ မနက် ၁၀း၀၀နာရီတွင် တက္ကသိုလ် စည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား ပါမောက္ခချုပ် ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် အတန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းမှ အဖွင့် အမှာစကားပြောကြားပြီး သမဂ္ဂ Logo ပြိုင်ပွဲတွင် အနိုင်ရရှိသော ကျောင်းသားအား ရွေးကောက်ပွဲ ကော်မရှင် နာယကမှ ဆုချီးမြင့်ခြင်း၊ ရွေးကောက်ခံ ဗဟို အလုပ်မှုဆောင်အဖွဲ့မှ ကတိသစ္စာခံယူခြင်း၊ ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌမှ သက်တမ်းကာလအတွင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဆရာ/ဆရာမများမှ ပြန်လည် အကြံပြု ဆွေးနွေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြပါသည်။