အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား( ၂၀၁၇-၁၈ ပညာသင်နှစ်)

နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) ၏၂၀၁၇- ၁၈ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ကျင်းပ ပြုလုပ်ခဲ့ပါတယ်. . .
ကန်တော့ခံ ဆရာ/ဆရာမများမှ အခမ်းအနား တက်ရောက်ခဲ့ကြပြီး ပထမဦးစွာ အတန်းအလိုက်ဆုများ၊ တက္ကသိုလ်တွင်း Projects ဆုများ၊ တက္ကသိုလ်အဆင့်/ နိုင်ငံအဆင့်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြင့်ခဲ့ပါတယ်. . .
ထို့နောက်မှာတော့ ဆရာ/ဆရာမများအား ကျောင်းသား/သူများမှ ရှိခိုးကန်တော့ဦးချပြီး ဆရာ/ဆရာများမှ သြဝါဒစကား ပြန်လည်ပြောကြားခဲ့ပါတယ်. . .

ကျောင်းသား/သူများမှ " မြတ်ဆရာ " သီချင်းဖြင့် ဂါရဝပြု သီဆိုခဲ့ကြပြီးနောက်မှတော့ ဆရာ/ဆရာမများ၏ အမှတ်တရလက်ဆောင်များကို ကံစမ်းမဲဖောက်၍ ပီတိများဖြင့် အခမ်းအနား ပြီးဆုံးခဲ့ကြပါတယ်. . .